Friday, July 24, 2015

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်
Confederation of Trade Unions Myanmar မှတ်ပုံတင်အမှတ်၊ မြန်မာ/အလုပ်သမားရေးရာအဖွဲ့ (၁/၂၀၁၅) (၂၀၁၅ခုနစ်၊ ဇူလိုင်လ၊ ၂၃ရက်နေ့)

နိုင်ငံအဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အဖြစ်
အသိအမှတ်ပြုလက်မှတ် ပေးအပ်ခြင်းအပေါ်သဘောထားထုတ်ပြန်ကြေငြာချက်
၂၀၁၅ခုနစ်၊ ဇူလိုင်လ၊ (၂၃)ရက်



CTUM receiving National Registration Certificate

CTUM receiving National Registration Certificate ( 2015 July 23 at Inya Lake Hotel) နိုင်ငံအဆင့် အဖွဲ့ချုပ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနား
Today, Chief Registrar U Myo Aung from Ministery of Labour, Employment and Social Security presented the National Registration Certificate to U Maung Maung, President of CTUM at Inya Lake Hotel.During this event,CTUM's affiliates, leaders and members were present.
၂၀၁၅ခုနစ်၊ ဇူလိုင်လ၊ (၂၃)ရက်နေ့တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ မှတ်ပုံတင်အရာရှိချုပ်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်သည် နိုင်ငံအဆင့် အဖွဲ့ချုပ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM အသိအမှတ်ပြုလက်မှတ်ကို Inya LakeHotelတွင် ပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။
ထိုအခမ်းအနားတွင် ဦးမောင်မောင် (CTUM ဥက္ကဌ)နှင့် CTUM မိသားစုဝင်များ တက်ရောက်ခဲ့ပြီး နိုင်ငံအဆင့် အဖွဲ့ချုပ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM အသိအမှတ်ပြုလက်မှတ်ကို လက်ခံရရှိပါသည်။
 
 https://www.facebook.com/media/set/?set=a.409723865905388.1073741858.395334647344310&type=3

Friday, June 26, 2015

၂၀၁၅ခုနစ်၊ ဇွန်လ၊ ၂၂-၂၃ရက်နေ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
(၂၀၁၅ခုနစ်၊ ဇွန်လ၊ ၂၂-၂၃ရက်နေ့၊ UMFCCI ခန်းမ)

၂၀၁၅ခုနစ်၊ ဇွန်လ၊ ၂၂-၂၃ရက်နေ့များတွင် ရန်ကုန်မြို့၊ UMFCCI တွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် နိုင်ငံတော်သမ္မတအကြံပေးများ၊ လွှတ်တော်အမတ်များနှင့် အလုပ်ရှင် ကိုယ်စားလှယ်အဖြစ် ဦးဝင်းအောင် UMFCCI ဥက္ကဌ၊ အလုပ်သမားကိုယ်စားလှယ်အဖြစ် ဦးမောင်မောင် CTUM ဥက္ကဌတို့မှ ၄င်းတို့၏ Minimum Wageအပေါ် အမြင်များ၊ ချမှတ်ထားသော ပေါ်လစီများနှင့် အလုပ်ရှင်-အလုပ်သမားများ နှစ်ဦးနှစ်ဘက် သဘောတူသည့် နူန်းထားသတ်မှတ်နိုင်ရေး စသည့်တို့ကို ဆွေးနွေးတင်ပြခဲ့သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရ-အလုပ်ရှင်-အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံ၍ အနည်းဆုံးအခကြေးငွေဆိုင်ရာ သဘောတရားများနှင့် နိုင်ငံတကာတွင် ကျင့်သုံးနေမှုများ၊ အနည်းဆုံးအခကြေးငွေစနစ် ဖွံ့ဖြိုးတိုးတက်လာမှုများ၊ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကလုပ်ငန်းများ၌ အသုံးပြုနေသည့် လုပ်ခလစာပေးသည့်စနစ်ပုံစံနှင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်သင့်သည့်ပုံစံကို ဆွေးနွေးတင်ပြခဲ့ပါသည်။

ဒုတိယနေ့တွင် ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်း ( အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန)သည်  နိုင်ငံတော်အစိုးရမှ ပံ့ပိုးပေးသင့်သည့် ကဏ္ဍရပ်များနှင့် မူဝါဒများကို ဦးဆောင်ဆွေးနွေးခဲ့ရာ နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာဇော်ဦးမှ လူမှုဖူလုံရေးအကျိုးခံစားခွင့်များတွင် ထည့်သွင်းစဉ်းစားရမည့် အကြောင်းအရာများနှင့် စီးပွားရေးလုပ်ငန်းများ၊ အခွင့်အလမ်းများနှင့်ရင်ဆိုင်နေရသည့်အခက်အခဲများဆွေးနွေးအဖြေရှာခြင်းနှင့် ဒေါက်တာစိုင်းခိုင်မျိုးထွန်း ( MTUFအလုပ်သမားကိုယ်စားလှယ်) နှင့် ဦးမြင့်စိုး (အလုပ်ရှင်ကိုယ်စားလှယ်)တို့ ဆွေးနွေးတင်ပြခဲ့သည်။

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို အမြဲအတွင်းဝန် ဦးမျိုးအောင် မှ ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်ရှင်ကိုယ်စားလှယ်များအဖြစ် ဦးအေးလွင် ၊ ဦးအောင်မင်း တို့နှင့် အလုပ်သမားကိုယ်စားလှယ်များဖြစ်ကြသော ဦးအောင်လင်း နှင့် ဒေါ်ဖြိုးစန္ဒာစိုး ( CTUM တွဲဖက် အတွင်းရေးမှူး) တို့မှ သတ်မှတ်သင့်သည့် အနည်းဆုံးအခကြေးငွေအပေါ် အလုပ်ရှင်၊ အလုပ်သမားတို့၏ အမြင်နှင့် လုပ်ငန်းခွင်တွင် လက်ရှိ ရင်ဆိုင်နေရသော အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ပါသည်။











Tuesday, June 23, 2015



 ၂၀၁၅ ခုနှစ်၊ ဇွန်လ (၂၁) ရက် (တနင်္ဂနွေနေ့) CTUM လှိုင်သာယာသင်တန်းကျောင်းလှုပ်ရှားမှုများ
၂၀၁၅ ခုနှစ်၊ ဇွန်လ (၂၂-၂၃) ရက်နေ့များတွင် ဆွေးနွေးမည့် အနည်းဆုံးအခကြေးငွေ နှုန်းထား သတ်မှတ် နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် အနည်းဆုံးအခကြေးငွေဆိုင်ရာ အကြိုညှိနှိုင်းဆွေးနွေး  သဘောထားတောင်းခံခြင်း အစည်းအဝေးကို လှိုင်သာယာမြို့နယ် CTUM သင်တန်းကျောင်းတွင်  ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ၏ အထွေထွေအတွင်းရေးမှူး ဒေါ်တင်မိုးခိုင်၊ Yes (1) အထည်ချုပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါ်ဝင်းသိင်္ဂီစိုးတို့မှ ဦးဆောင်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ စုစုပေါင်း စက်ရုံ (၁၆) ရုံမှ အဖွဲ့ဝင်ပေါင်း (၁၅၀) ဦး တက်ရောက်ပြီး တက်ရောက်လာသော အလုပ်သမားများမှ မေးခွန်များမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။





၂၀၁၅ခုနှစ်၊ ဇွန်လ (၂၁) ရက် (တနင်္ဂနွေနေ့) CTUM လှိုင်သာယာသင်တန်းကျောင်း လှုပ်ရှားမှုများ
(၁) ၁၀၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ ILC တက်ရောက် ခဲ့သည့် အလုပ်သမားကိုယ်စားလှယ်များ၏ ညီလာခံအတွေ့အကြုံများအား အဖွဲ့ဝင် အလုပ်သမားများအား ပြန်လည် ရှင်းလင်းခြင်း

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM သည် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ ILC တက်ရောက်ခဲ့သည့် ညီလာခံအတွေ့အကြုံများအား ပြန်လည်ရှင်းလင်းခြင်း အစည်းအဝေးကို ၂၀၁၅ခုနစ်၊ ဇွန်လ၊ ၂၁ ရက်နေ့ CTUM လှိုင်သာယာသင်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးတွင် အလုပ်သမားကိုယ်စားအဖြစ် တက်ရောက်ခဲ့သည့် CTUM ဥက္ကဌ ဦးမောင်မောင်မှ အလုပ်သမားကိုယ်စားလှယ်များ၏ ညီလာခံအတွေ့အကြုံများနှင့် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်ပတ်သက်သော ဆွေးနွေးခဲ့မှုများအား ရှင်းလင်းတင်ပြခြင်း၊  အလုပ်သမား အကြံပေးကိုယ်စားလှယ်များအဖြစ်တက်ရောက်ခဲ့ကြသည့် ဒေါ်ဖြိုးစန္ဒာစိုး မှ Social Protection လူမှုကာကွယ်စောင့်ရှောက်မှု အစည်းအဝေး ဆွေးနွေးချက်များအား ရှင်းလင်းတင်ပြခြင်းနှင့် ဒေါ်ခိုင်ဇာအောင်တို့မှ အလုပ်သမား စံနှုန်းများသတ်မှတ်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ၄င်းတို့၏ ၄င်းအစည်းအဝေးသို့ အဖွဲ့ဝင် အလုပ်သမားအဖွဲ့အစည်းများဖြစ်သော
(၁) Charming အထည်ချုပ်စက်ရုံ
(၂) Holly Myanmar အထည်ချုပ်စက်ရုံ
(၃) New Way အထည်ချုပ်စက်ရုံ
(၄) North Shore အထည်ချုပ်စက်ရုံ
(၅) Yes (1) အထည်ချုပ်စက်ရုံ
(၆) Sakura အထည်ချုပ်စက်ရုံ
(၇) Asia Rose အထည်ချုပ်စက်ရုံ
(၈) East Growth အထည်ချုပ်စက်ရုံ
(၉) Korea Link အထည်ချုပ်စက်ရုံ
(၁၀) တက်နေ၀င်းနီ အထည်ချုပ်စက်ရုံ
(၁၁) ဘိုဆန်းပိုက်စက်ရုံ
(၁၂) ရွှေမိ ပလပ်စတစ်စက်ရုံ
(၁၃) Blue Mountain အချိုရည်စက်ရုံ
(၁၄) Coca- Cola အချိုရည်စက်ရုံ
(၁၅)  Alpine သောက်ရေသန့်စက်ရုံ
(၁၆) မနီ ခွဲစိတ်ခန်းသုံး အပ်စက်ရုံ
စုစုပေါင်း စက်ရုံ (၁၆) ရုံမှ အဖွဲ့ဝင်ပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြပါသည်။






Sunday, June 14, 2015



Daw Phyo Sanda Soe (CTUM assistant secretary) listening to the closing comments by the Chairwomen of the 104th International Labor Conference ILC‏ 



ILO Director  General giving the closing speech for the 104th International Labor Conference 2105 June 1 to 13.‏ 



ILO Director General signing on the Recommendation concerning the transition from the informal to yhe formal economy 2015 June 13‏